GRAMMAR NOTES 15
15.1. ဤသင်ခန်းစာတွင် သံသယ နှင့် မသေချာ မရေရာမှုကို ဖော်ပြရာ၌ ఓ အသံကို အသုံးပြု၍ -ఏమో နှင့် ఏమో တို့ကို မိတ်ဆက်ပေးထားသည်။ မသေချာ မရေရာမှုနှင့် သံသယတို့၏ အခြေအနေကို ဖော်ပြသည်။
15.1.1. ఓ ကို ဤကိစ္စတွင် မသိခြင်း သို့မဟုတ် မသေချာမှုကို ဖော်ပြရန် စစ်ဆေးမေးမြန်းသော အမေးပုဒ်တွင် ထည့်သွင်းပြထားသည်။ အောက်ပါ ဝါကျများကို သုံးသပ်ကြည့်ပါ။
|
అది ఎక్కడ ఉంది? |
အဲ့ဒါ ဘယ်မှာလဲ။ |
‘Where is it?’ |
|
అది ఎక్కడ ఉందో? (ఉంది + ఓ) [2.12.2.] |
အဲ့ဒါ ဘယ်မှာတုန်း။ |
‘It is not known/certain where it is.’ |
|
అతను ఎవరు? |
သူ ဘယ်သူလဲ။ |
‘Who is he?’ |
|
అతను ఎవరో! (ఎవరు + ఓ) [2.12.2.] |
သူ ဘယ်သူမှန်း(တုန်း)။ |
‘I don’t known/certain who is he.’ |
15.1.2. မသေချာမရေရာသောအခြေအနေ dubitative particle ကို ဖော်ပြရန် -ఏమో ကို ထပ်မံဖြည့်စွက်ထားသည်။
|
అది అక్కడ ఉందేమో! (ఉంది + ఏమో) |
အဲ့ဒါ အဲ့ဒီမှာ ရှိနိုင်တယ်။ |
‘It might be there/ Perhaps it is there.’ |
|
అతను రాజేమో! (రాజు + ఏమో) |
သူ ရားဂျူး ဖြစ်မယ်။ |
‘Maybe, he is Raju.’ |
15.1.3. ఏమో သည် လွတ်လပ်သော စကားလုံး ဖြစ်ပြီး မေးခွန်းများကို ဖြေကြားရာ၌ အမြဲတစေ အသုံးပြုကြသည်။
|
కలం ఎక్కడ ఉంది? |
ဘောပင် ဘယ်မှာလဲ။ |
Where is the pen? |
|
ఏమో! |
ဘယ်သိမလဲ။ |
‘It is not known/certain who he is.’ |
|
అతను ఎవరు? |
သူ ဘယ်သူလဲ။ |
‘Who is he?’ |
|
ఏమో! |
မသိဘူးလေ။ |
‘It is not known / I don’t know.’ |
|
ఆమె లతా? (లత + ఆ) |
သူမ လသ လား။ |
‘Is she Lata?’ |
|
ఏమో! |
ဟုတ်မယ်။ |
‘It is not known / I don’t know.’ |
15.2. కాదు (3.4.) နှင့် లేదు (4.3.) တို့၏ အငြင်း ပုံစံချင်း ခြားနားချက်ကို သတိပြုပါ။
15.2.1. కాదు ကို ကြိယာမဲ့ မေးခွန်းနှင့် လား မေးခွန်းများကို မဟုတ်ကြောင်း မဖြစ်ကြောင်း ငြင်းဆို ဖြေကြားရန် အသုံးပြုသည်။ (3.4.)
|
ఇది పుస్తకం. |
ဒါ စာအုပ်။ ‘This is a book.’ |
ఇది పుస్తకం కాదు. |
ဒါ စာအုပ် မဟုတ်ဘူး။ ‘This is not a book.’ |
|
ఇది పుస్తకమా? |
ဒါ စာအုပ်လား။ ‘Is this a book?’ |
ఇది పుస్తకం కాదు. |
ဒါ စာအုပ် မဟုတ်ဘူး။ ‘This is not a book.’ |
కాదు သည် ထိုဝါကျတွင် စကားလုံး တစ်လုံး သို့မဟုတ် ကြိယာပါဝင်သော စကားစုကို ငြင်းဆိုရန် အသုံးပြုနိုင်ပါသည်။
|
ఇక్కడ నీ కలం ఉంది. |
ဒီမှာ မင်းရဲ့ ဘောပင် ရှိတယ်။ ‘Your pen is here.’ |
ఇక్కడ కాదు, అక్కడ ఉంది. |
ဒီမှာ မဟုတ်ဘူး။ အဲ့ဒီမှာရှိတယ်။ ‘Not here; it is there.’ |
ဤတုံ့ပြန်မှုတွင် ఉంది ကြိယာကို မငြင်းဆိုထားဘဲ ఇక్కడ ဟူသော စကားလုံးကို ငြင်းဆိုထားသည်။
|
ఇక్కడ రవి కలం ఉంది. |
ဒီမှာ ရဝီးရဲ့ ဘောပင် ရှိတယ်။ ‘Ravi’s pen is here.’ |
ఇక్కడ కాదు, అక్కడ ఉంది. |
ဒီမှာ မဟုတ်ဘူး။ အဲ့ဒီမှာရှိတယ်။ ‘Not here; it is there.’ |
ဤတွင် రవి ၏ కలం သည် ငြင်းဆိုခံရသည်။
15.2.2. లేదు သည် တည်ရှိမှုပြကြိယာ ఉంది (4.3.) ကို ငြင်းဆိုရန်နှင့် အထူးသဖြင့် ကြိယာ၏ အငြင်းသဘော အဖြေအဖြစ် အသုံးပြုကြသည်။
|
పుస్తకం ఇక్కడ ఉంది. |
စာအုပ် ဒီမှာ ရှိတယ်။ |
‘The book is here.’ |
|
పుస్తకం ఇక్కడ లేదు. |
စာအုပ် ဒီမှာ မရှိဘူး။ |
‘The book is not here.’ |
15.3. တည်ရှိမှုပြကြိယာ ပုံစံများကို ပြန်အမှတ်ရပါ၊ အတည်ပြုပုံစံနှင့် အငြင်းသဘော နှစ်မျိုးလုံးကို ပြန်သတိရပါ။ ဤ သင်ခန်းစာတွင် အတိတ်ကာလပြကြိယာ၏ ဥပမာ အချို့ကို ထပ်ပေးထားပါသည်။
|
నేను నిన్న అక్కడ ఉన్నాను. |
ငါ မနေ့က အဲ့ဒီမှာ ရှိ(နေ)ခဲ့တယ်။ |
‘I was there yesterday.’ |
|
మేం మొన్న అక్కడ లేం. |
တို့တွေ တနေ့က အဲ့ဒီမှာ မရှိဘူး။ |
‘We were not there day-before yesterday.’ |
15.4. ဤ သင်ခန်းစာတွင် သုံးလုံးတွဲ အသံတို ကြိယာများကို မိတ်ဆက်ပေးထားသည်။ ထိုကြိယာများ၏ ဒုတိယနှင့် တတိယ သရသံများသည် အမြဲတမ်း ఉသံ ဖြစ်သည်။
|
చదువు! |
ဖတ်ရှု |
‘Read!’ |
వెతుకు! |
ရှာဖွေ |
‘Search!’ |
15.4.1. သုံးလုံးတွဲ အသံတို ကြိယာများ၏ အနည်းကိန်း စေခိုင်းပြပုံစံသည် မည်သည့် နောက်ဆက်တွဲမှ မပါဝင်ပါ။(see 8.2.2.)
|
చదువు! |
ဖတ်ရှု |
‘Read!’ |
వెతుకు! |
ရှာဖွေ |
‘Search!’ |
ရိုသေစွာ တောင်းဆိုခြင်း နှင့် လူအများကို စေခိုင်းခြင်း။ (ကြိယာ + అండి - see 8.2.1.)
|
చదువు + అండి |
=చదవండి! |
ဖတ်ကြ။/ ဖတ်ပါ။/ ဖတ်ကြပါ။ |
‘Please read!’ |
|
వెతుకు + అండి |
=వెతకండి! |
ရှာကြ။/ ရှာပါ။/ ရှာကြပါ။ |
‘Please search!’ |
တားဆီးခြင်း။ (ကြိယာ + అకు - see 8.1.)
|
చదువు + అకు |
= చదవకు! |
မဖတ်နဲ့။ |
Don’t read!’ |
|
వెతుకు + అకు |
= వెతకకు! |
မရှာနဲ့။ |
Don’t search!’ |
ရိုသေစွာ တားဆီးခြင်းနှင့် လူအများကို တားဆီးခြင်း။ (ကြိယာ + అకండి - see 8.1.)
|
చదువు + అకండి |
= చదవకండి! |
မဖတ်ကြနဲ့။/ မဖတ်ပါနဲ့။/ မဖတ်ကြပါနဲ့။ |
‘Please don’t read!’ |
|
వెతుకు + అకండి |
= వెతకకండి! |
မရှာကြနဲ့။/ မရှာပါနဲ့။/ မရှာကြပါနဲ့။ |
‘Please don’t search!’ |
* sandhi လုပ်ငန်းစဉ်အတွက် 2.12.2.နှင့် 15.5.1. చదువు + అండి = చదువు-అండి (as per 2.12.2.) နှင့် చదవ-అండి (as per 15.5.1.)တို့ကို ကြည့်ပါ
15.5. အောက်ပါ sandhi processes. များကို သတိပြုပါ။
15.5.1. చదువు ကဲ့သို့ သုံးလုံးတွဲ အသံတို ကြိယာများ(15.4.)ကို అ သို့မဟုတ် ఆ အသံဖြင့် စသော နောက်ဆက်တွဲဖြင့် ပေါင်းစပ်ပါက ကြိယာ၏ တတိယ သရ ఉ အသံ သာမက ဒုတိယ သရ ఉ အသံပါ అ သရသံသို့ ပြောင်းလဲသွားမည်။ (ఆ ဖြင့် အစပြုသော နောက်ဆက်တွဲများကို နောက်ပိုင်းတွင် မိတ်ဆက်ပေးပါမည်။)
|
చ దు వు + అండి |
= చ ద వ్ - అండి |
(2.12.2.) చదవండి |
ဖတ်ကြ။/ ဖတ်ပါ။/ ဖတ်ကြပါ။ |
‘Please read!’ |
|
వె తు కు + అకు |
= వె త క్ - అకు |
(2.12.2.) వెతకకు |
မရှာနဲ့။ |
‘Don’t search!’ |
15.5.2.
|
గుడి + లు |
= గు(డుàళ్ళు) (5.7.1.) |
= గుళ్ళు |
ဘုရားကျောင်းများ |
‘temples’ |
15.5.3. డి + లో (locative case marker 4.5.) = ళ్ళో
|
గుడి + లో |
= గుళ్ళో |
ဘုရားကျောင်းထဲမှာ |
‘in the temple’ |
ఊళ్ళో မြို့ထဲမှာ ‘in the town’ (13.10) နှင့် ఇంట్లో အိမ်ထဲမှာ ‘in the house’ (13.16) တို့ကို ပြန် သတိရပါ။
15.5.4. కుర్చీనా ထိုင်ခုံလား ‘Is it a chair?’ (8.15.2.)ကဲ့သို့ sandhi form ကို သတိရပါ။ အလားတူ sandhi forms အောက်ပါ ပုံစံများတွင် ပါဝင်နေသည်။
|
గదిలోనా (గదిలో+ ఆ) |
အခန်းထဲမှာလား။ |
‘Is it in the room?’ |
|
ఇంట్లోనే (ఇంట్లో + ఏ) |
အိမ်မှာပဲ။ |
‘In the house only.’ |
15.6. အောက်ပါဝါကျများတွင် -కు/ -కి အသုံးပြုပုံများကို သတိပြုပါ။
15.6.1.
|
నాటకం ఎన్ని గంటలకు? |
ပြဇာတ် ဘယ်နှ နာရီ လဲ။ |
‘At what time is the play?’ |
|
నేను ఆరు గంటలకు ఇంట్లోనే ఉన్నాను. |
ငါ (၆)နာရီ တုန်းက အိမ်မှာပဲ ရှိတယ် |
‘I was at home at 6 o’clock.’ |
ဤတွင် -కు/ -కి သည် အချိန်ပြပုဒ်ဖြစ်သည်။
15.6.2.
|
స్కూలుకు వెళ్ళు. |
ကျောင်း(သို့) သွား။ |
‘Go to school.’ |
|
మా ఇంటికి రా. |
ငါတို့ အိမ်ကို လာ။ |
‘Come to my house.’ |
|
కొంచెం పక్కకు జరుగు. |
ဘေး နည်းနည်း ရွှေ့။ |
‘Move aside a little.’ |
ဤတွင် -కు/ -కి သည် ပန်းတိုင်လားရာသို့ ညွှန်ပြသော ပုဒ်ဖြစ်သည်။
15.7. -న သည် పక్క 'ဘေး'၊ తారీకు 'ရက်နေ့'၊ రోజు 'နေ့' စသော နာမ်အချို့ဖြင့် အသုံးပြုသည့် နေရာပြပုဒ် ဖြစ်သည်။
|
పక్కన |
ဘေးနားမှာ |
‘on the side of’ (See 4.6.); |
|
ఆరో తారీకున |
ခြောက် ရက်နေ့မှာ |
‘on the sixth’; |
|
ఆ రోజున |
အဲ့ဒီနေ့မှာ |
‘on that day’ |
|
నువ్వు రవి పక్కన కూర్చో. |
မင်း ရဝီး ဘေးမှာ ထိုင်။ |
‘You sit by side of Ravi.’ |
|
సీత పుట్టినరోజు ఆరో తారీకున. |
စီးသ မွေးနေ့က ခြောက်ရက်နေ့မှာ။ |
‘Sita’s birthday is on 6th.’ |
|
ఆ రోజున దీపావళి. |
အဲ့ဒီနေ့မှာ ဒီပါဝလီ။ |
‘It was Deepavali on that day. |
15.8. బాగా ကောင်းကောင်း၊ ကောင်းမွန်စွာ ‘well; nicely’ သည် အရည်အသွေးပြ ကြိယာဝိသေသနဖြစ်၍ చాలా အလွန်၊ များပြားစွာ ‘very’ (lesson 13) သည် ပမာဏပြကြိယာဝိသေသနဖြစ်သည်။
|
బాగా చదువు. |
ကောင်းကောင်း ဖတ်။ |
‘Read well.’ |
|
బాగా వెతుకు. |
သေချာ ရှာ။ |
‘Search well (thoroughly).’ |
|
ఇది చాలా చిన్న గది. |
ဒါက အရမ်းသေးတဲ့ အခန်း။ |
‘This is a very small room.’ |
|
పాట చాలా బాగుంది. |
သီချင်း အရမ်း ကောင်းတယ်။ |
‘The song is very good.’ |
15.9. အောက်ပါဝါကျများတွင် (3.3) မှ ခိုင်မာပြတ်သားသော အမှတ်အသား -ఏ အသုံးပြုမှုကို သတိပြုပါ။
|
వాడు ఇంట్లోనే ఉన్నాడు. |
သူက အိမ်မှာပဲ (ရှိ)နေတယ်။ |
‘He is in the house itself.’ |
|
కలం పెట్టెలోనే ఉంది. |
ဘောပင်က သေတ္တာထဲမှာပဲ ရှိတယ်။ |
‘The pen is in the box itself.’ |
15.10. ఇ ఈ ఎ ఏ သရတို့နှင့် စသော စကားလုံးများသည် အမြဲလိုလို య్ အသံထွက်လေ့ရှိပြီး ఒ ఓ သရတို့နှင့် စသော စကားလုံးများသည် వ్ အသံ ထွက်လေ့ရှိသည်။ အောက်ပါ အရေးအသားများကိုလည်း တွေ့ရနိုင်သည်။
|
కలం పెట్టేలోనే ఉం/వుంది. |
ဘောပင်က သေတ္တာထဲမှာပဲ ရှိတယ်။ |
‘The pen is in the box itself.’ |
|
వాడు ఇం/యింట్లోనే ఉన్నాడు. |
သူက အိမ်မှာပဲ နေတယ်။ |
‘He is in the house itself.’ |
15.11. ఓ.. သည် ရည်ညွှန်းရာ လူ သို့မဟုတ် သက်မဲ့ နာမ်တို့၏ ရှေ့ ၌ ထား၍ အသုံးပြုသော ခေါ်ဆိုမှုတစ်ခု ဖြစ်သည်။
|
ఓ పాపా! |
ဟိုး သမီးလေး။ |
Oh! Papa! |
|
ఓ బాబూ! |
အိုး သားလေး။ |
Oh! Babu! |
|
--------------------------------------------------- |
--------------------------------------------------------- |
------------------------------------------------------------------ |
౦౦౦౦౦౦౦౦౦౦౦౦౦౦